မင်္ဂလာပါ

မင်္ဂလာပါ

Monday 3 September 2012

ပတိရူပဒေသ၀ါသောစ


ပတိရူပဒေသ၀ါသောစ (သင့်တင့်လျောက်ပတ်သောအရပ်ဒေသ၌ နေထိုင်ရခြင်း)




၁။ သူတော်ကောင်းရှိတဲ့အရပ် (ဘိတ်ခု၊ ဘိတ်ခုနီ၊ ဥပသိကာ၊ ဥပသိကာမ)

၂။ ပုညကိရိယာဝတ်ထု၁၀ပါးဖြစ်ပွါးနိုင် ခွင့်ရှိတဲ့အရပ်

    ဒါန -                  ပေးကမ်းလူဒါန်းခြင်းကုသိုလ်
    သီလ -               ကိုယ်၊ နှူတ် ၊ နှလုံး သုံးပါး စောင့်ထိန်းခြင်းကုသိုလ်
    ဘာဝနာ -            ပွားများအားထုတ်ခြင်း ကုသိုလ်
    အပစာရန-           ရိုရိုသေသေလုပ်ကျွေး ခြင်း ဒူးတုပ် လက်အုပ်ချီခြင်း အစရှိတဲ့ကုသိုလ်
    ဝေယာဝတ်စ-       ရတနာသုံးပါး ၊ မိဘ ၊ဆရာသမားတို့ ကိုလုပ်ကျွေးခြင်းအစရှိတဲ့ကုသိုလ်
   ပတ်တိဒါန -          ကုသိုလ်ကောင်းမူ့ တွေကို ကြားသူ ၊ မြင်သူ အားလုံးတို့ အား
                             အမျှအတန်းခွဲဝေပေးခြင်းကုသိုလ်
   ပတ်တာနုမောဒန-   အမျှအတန်းပေးဝေခြင်းဖြင့် ကြားသူ၊
                             မြင်သူစိတ်နှလုံးဝမ်းမြောက်သဖြင့်ရသည့်ကုသိုလ်
   ဓမသာဝန -           တရားနာကြားခြင်းကုသိုလ်
   ဓမဒေသနာ -         တရားဟောပြောခြင်းကုသိုလ်
   ဒိတ်ထိစုကမ်မာ -    တရားဟောသူ ၊ တရားနာသူ နှစ်ဦး တို့  ရဲ့ ကျေးဇူး ကြောင့်
                             ပန်းတိုင်မှာအယူဖြောင့်မတ်ခြင်းဆိုသည့်ရရှိသည့် ကုသိုလ်
 ၃။ ပရိယတ် ၊ ပရိပတ် ၊ ပရိဝေဒ (ဗုဒ္ဓသာသနာတည်ရှိရာအရပ်)

၎။ ကုသိုလ်ဖြစ်ရန်လျော်ကန်သင့်မြတ် ထိုအရပ်

၅။ ချစ်မြတ်နိုးသည့်မိတ်ဆွေရှိ သောအရပ် (ကလျာဏမိတ်ဆွေရှိတဲ့အရပ်)

၆။ ပညာအသိရနိုင်သည့်အရပ်

ရ။ ဥစာနိတိရနိုင်သည့်အရပ် ( စီးပွားရှာလို့ ရနိုင်သည့်အရပ်)

၈။သူကြွယ် ပန်တိရှိသည့်အရပ် (သူကြွယ် နှင့် ဥာဏ်ပညာရှိ ပုဂိုလ် တွေရှိ တဲ့အရပ်)

၉။ ရာဇာနဒိ ရှိသည့်အရပ် ( အုပ်ချူပ်သည့်မင်း နှင့် မြစ်ရှိသည့်အရပ်)

၁၀။ ကျွမ်းကျင်သောဆေးသမားရှိသည့်အရပ်

၁၁။ သြတဟိရိ ရှိသည့်အရပ်

၁၂။ ကွဲပြားမရှိ ညီညွတ်သည့်အရပ်



ဒီကနေ့ နာကြားရသည့်သီတဂူဆရာတော်ဘုရားဧ။် ပရိရူပဒေသ၀ါစာ ဖြစ်သည့် အရပ်ကိုကြားနာရသည့်တရားတော်မှ ကောက်နူတ်ရေးသားပူဇော်ပါသည်။


 

No comments:

Post a Comment