မင်္ဂလာပါ

မင်္ဂလာပါ

Sunday 25 November 2012

Facebook မှ မှတ်စုများ-၁








 
 Facebook မှာ share ထားတဲ့မှတ်စုလေးများကို နှစ်သက်လို့  ဘလော့မှာသိမ်းထားတာပါ။ မူလ ပိုင်ရှင်များအားလုံးကို credit ပေးပါတယ်။

Monday 5 November 2012

စစ်ကိုင်တောင်ရိုးမွေးနေ့ အလူ ( ၂၈ အောက်တိုဘာ ၂၀၁၂)














 
 
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ၂၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်


ကိုအောင်သက်လင်း + မယဉ်ယဉ်နု (စင်္ကာပူ) မှ မယဉ်ယဉ်နု ၏ မွေးနေ့အလှူကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ငါးကြော်
ကုလားပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ မွေးနေ့ရှင် တစ်ဦးဖြစ်သော မသင်းသင်းနိုင်(ဂျပန်) မှလည်း သံဃာတော် အရှင်သူမြတ်တို့အတွက် ဆပ်ပြာမှုန့်ထုပ်များ လောင်းလှူခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကုသိုလ်ရှင်များ ဖြစ်ကြသော ကိုအောင်သက်လင်း + မယဉ်ယဉ်နု(စင်္ကာပူ) နှင့် ဆပ်ပြာမှုန့် ကုသိုလ်ရှင် မသင်းသင်းနိုင်(ဂျပန်) တို့အားလုံးတို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ပြာမှုန့်များ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
 
အလူမှတ်တမ်းပုံများကိုhttp://www.mettashinfoundation.com/2012/10/blog-post_28.html မှယူပါသည်။
 

မွေးနေ့ ဆုတောင်း






 
Face Book ပေါ်မှ မိတ်ဆွေများမှ ဆုတောင်းပေးခဲ့တဲ့အမှတ်တရ လေးပါ။

သီတင်းကျွတ်လပြည့်နေ့ အလူ ( ၃၀.၁၀.၂၀၁၂)






 
ဒီနှစ်သီတင်းကျွတ် ( ၃၀ အောက်တိုဘာ ၂၀၁၂ )မှာ မြတ်စွာဘုရားကို လူဒါန်း ပူဇော်ဖြစ်ခဲ့တာပါ။

ပိုင်းလော့ဆရာတော်





 
၂၆ အောက်တိုဘာ ၂၀၁၂ ပိုင်လော့ဆရာတော်စင်ကာပူကိုကြွလာတုန်းကသွားရောက်ဖူးမြော်ပြီးတရားနာဖြစ်ခဲ့တဲ့မှတ်တမ်းလေးပါ။

ကထိန်င်္သကန်းအလူ (၀၄ နိုဝင်ဘာ ၂၀၁၂)






 

ကထိန်သင်္ကန်း နှင့်စုဘူးရေစက်ချ ပွဲကို ၀၄ ရက်နိုဝင်ဘာလ ၂၀၁၂ မှာ Yeo’s Building ,#02 Telok blangah Street 31 မှာကျင်းပတဲ့ပွဲမှာ ရိုက်လာခဲ့တဲ့မှတ်တမ်း လေးပါ။

သင်္ကန်း ပရိက္ခရာ တစ်စုံ စင်ကာပူဒေါ်လာ ၅၀ ကိုလည်းပါဝင်လူဒါန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ဟောကြားတဲ့အထဲမှာမှ အလူအတန်းပြုတဲ့အခါ မိမိတို့ လူဒါန်းတဲ့အလူတွေကို ကိုယ်တိုင်ကိုယ်ကျသဟတိကဒါနမြောက်အောင်ဆက်ကပ်သင့်ကြောင်းမှတ်သားမိပါတယ်။အဲဒီလို လူဒါန်းခြင်းအားဖြင့်မိမိ ပိုင်ဆိုင်သောဥစ္စာပစည်းတွေကို မိမိမပေးဘဲနှင့်သူတစ်ပါးကယူဆောင်လို့ မရပါဘူး။ တစ်ခါတစ်လေ မှာ ပီးပီးရောလူဒါန်းဖြစ်မိသွားတတ်တယ် ။စုဘူးလူတာလေးကြမ်မြောက်ရှိပြီ။ တစ်ခါမှရေစက်ချပွဲကိုမရောက်ဖြစ်လိုက်ဘူး။ဒီတစ်ခါတော့တိုက်တိုက်ဆိုင်ဆိုင်ကိုယ်တိုင်ရောက်ဖြစ်ခဲ့တယ်။ နောင်အလူများမှာကိုယ်တိုင်ကိုယ်ကျပါဝင် လူဒါန်းနိုင်အောင် ကြိုးစားပါမည်ဘုရား။