မင်္ဂလာပါ

မင်္ဂလာပါ

Monday 5 November 2012

စစ်ကိုင်တောင်ရိုးမွေးနေ့ အလူ ( ၂၈ အောက်တိုဘာ ၂၀၁၂)














 
 
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ၂၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်


ကိုအောင်သက်လင်း + မယဉ်ယဉ်နု (စင်္ကာပူ) မှ မယဉ်ယဉ်နု ၏ မွေးနေ့အလှူကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ငါးကြော်
ကုလားပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ မွေးနေ့ရှင် တစ်ဦးဖြစ်သော မသင်းသင်းနိုင်(ဂျပန်) မှလည်း သံဃာတော် အရှင်သူမြတ်တို့အတွက် ဆပ်ပြာမှုန့်ထုပ်များ လောင်းလှူခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကုသိုလ်ရှင်များ ဖြစ်ကြသော ကိုအောင်သက်လင်း + မယဉ်ယဉ်နု(စင်္ကာပူ) နှင့် ဆပ်ပြာမှုန့် ကုသိုလ်ရှင် မသင်းသင်းနိုင်(ဂျပန်) တို့အားလုံးတို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ပြာမှုန့်များ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
 
အလူမှတ်တမ်းပုံများကိုhttp://www.mettashinfoundation.com/2012/10/blog-post_28.html မှယူပါသည်။
 

No comments:

Post a Comment