မင်္ဂလာပါ
မင်္ဂလာပါ
Sunday, 19 May 2013
ဝိပတ္တိတရားလေးပါးနှင့် ဗျသနတရားငါးပါး
ဝိပတ္တိတရားလေးပါးနှင့် ဗျသနတရားငါးပါး
**************************
... ၀ိပတ္တိတရားလေးပါး။ ။ ၀ိပတ္တိ။ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။
1. မင်းဆိုး မင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊
2. အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
3. ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
4. အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မ၇ှိခြင်း။
ဗျသနတရားငါးပါး။ ။ ဗျသန။ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း။ ဗျသနတရား ငါးပါးရှိသည်။
1. ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း၊
2. ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
3. ရောဂဗျသန - အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊
4. ဒိဋ္ဌိဗျသန - အယူမှား၍ ပျက်စီးခြင်း၊
5. သီလဗျသန - သီလ ပျက်စီးခြင်း။
credit to
မေတ္တာဖြင့်စုစည်းတင်ပြသူ
အနှိုင်းမဲ့စာတိုပေစများ
www.inifnitydhamma.com
Monday, 22 April 2013
Friday, 22 March 2013
၂၄။ အ၀ိဂတပစ္စယော
၂၄။ အ၀ိဂတပစ္စယော
၂၄။အဝိဂတပစ္စယော=မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊လိပ်တို့နှင့်မကင်း၊မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌ သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၂၃။ဝိဂတပစ္စယော
၂၃။ဝိဂတပစ္စယော
၂၃။ဝိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ဒေါသ၊မောဟ၊တရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ဒေါသ၊မောဟ၊တရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၂၂။နတ္ဓ္ထိပစ္စယော
၂၂။နတ္ဓ္ထိပစ္စယော
၂၂။နတ္ထိပစ္စယော=မရှိသည်ဖြစ်၍ မရှိမှ
ကျေးဇူးပြုတတ်သောတရား။
ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကို ရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကို ရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၂၁။ အတ္ထိပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၁။အတ္ထိပစ္စယော=ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရတွေ ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကိုတည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။

၂၀။ ၀ိပ္ပယုတ္တပစ္စယော
၂၀။ ၀ိပ္ပယုတ္တပစ္စယော
၂၀။ဝိပယုတ္တပစ္စယော=အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
ချို၊ချဉ်၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်း မနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကိုဟောတော်မူသည်။

၁၉။ သမ္ပယုတ္တပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၁၉။သမ္ပယုတ္တပစ္စယော=အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
နှင်းဆီ၊ထောပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍ မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍ မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

၁၈။ မဂ္ဂပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၈။မဂ္ဂပစ္စယော=ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့
ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ
လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊
သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက်
မွေးခြင်း)သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊သမ္မာသမာဓိ
(ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ကောင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိချမ်းသာစစ် ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
(ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ကောင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိချမ်းသာစစ် ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၁၇။ ဈာနပစ္စယ
၁၇။ ဈာနပစ္စယော
တောင်ထိပ်ဖျား၊သစ်ပင်ဖျားသို့တက်၍ ကြည့်သော သူသည်
အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ထိုမြင်ခြင်း၌ အလိုရှိသောသူအား
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊ကုသိုလ်ဈာန်စသည်တို့ကို
စူးစူးစိုက်စိုက် အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံး နိဗ္ဗာန်ရောက်သည်အထိ
အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက်
စိတ်တရား၊ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
( ဒေါက်တာအရှင်ကောဝိဒစာရ )
၁၆။ ဣနြ္ဒိယပစ္စယော
၁၆။ ဣနြ္ဒိယပစ္စယော
၁၆။ဣန္ဒြိယပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော
တရား။
တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ ဣနြေ္ဒ(၂၂)ပါးရှိရာတွင် စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊သောတိနြေ္ဒဟူသော ကြားသိစိတ်သည် ကြားသိစိတ် အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။
တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ ဣနြေ္ဒ(၂၂)ပါးရှိရာတွင် စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊သောတိနြေ္ဒဟူသော ကြားသိစိတ်သည် ကြားသိစိတ် အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
Thursday, 21 March 2013
၁၅။ အာဟာရပစ္စယော
၁၅။ အာဟာရပစ္စယော
၁၅။အာဟာရပစ္စယော=ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
ထောက်ကန်ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအား လေဒဏ်၊မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန် အတွက် ရုပ်အာဟာရ၊နာမ်အာဟာရ နှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

၁၄။ ၀ိပါကပစ္စယော
၁၄။ဝိပါကပစ္စယော=အကျိုးရလာဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တိုက်ခတ်လာသော
လေပြေ၊လေညှင်း၊လေနုအေးသည် သစ်ပင်ကြီးများ၏ အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ
ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏
အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊နတ်ဘုံတို့၌ ခံစားရမည့် အကုသိုလ်ကံတရားကြောင့်
အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့
ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
၁၃။ ကမ္မပစ္မ္စယော
၁၃။ ကမ္မပစ္မ္စယော
၁၃။ကမ္မပစ္စယော=ပြုလုပ်စီခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင် စီမံအပ်သော မျိုးစေ့၊အညွန့်၊အညှောက်၏ အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကိုဟောတော်မူသည်။

၁၂။အာသေဝနပစ္စယော
၁၂။အာသေဝနပစ္စယော
၁၂။အာသေဝနပစ္စယော=အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကိုတိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
Wednesday, 20 March 2013
၁၁။ ပစ ၦာဇာတပစၥေယာတိ
၁၁။ ပစ ၦာဇာတပစၥေယာ
၁၁။ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်၍
ကျေးဇူးပြုတတ်သောတရား။
သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍
မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့်
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ
နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍
မသေခဲ့ပါ။ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလမထေရ်အား
မသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ရုပ်တရားတွေ လန်းဆန်းတည်တံ့ နေအောင်
စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ
ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၁၀။ ပုရေဇာတ ပစ္စယော
၁၀။ ပုရေဇာတ ပစ္စယော
၁၀။ပုရေဇာတပစ္စယော=ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
ကမ္ဘာဦး၌ ပထမဆုံး
အရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍
ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၉။ ဥပနိသယ ပစ္စယော
၉။ ဥပနိသယ ပစ္စယော
၉။ဥပနိဿယပစ္စယော=အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မိုးတွင်းအခါ ရွာသောမိုးကြီးသည် ထိုမိုးကို
အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို့ အားကောင်းလာအောင်
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည်
ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများအားထုတ်ခြင်းကြောင့်
မဂ်တရား၊ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင်
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊ဥတု၊အာဟာရဟူသော အကြောင်းတရားတို့သည်
အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
Thursday, 7 March 2013
၈။ နိသယ ပစ္စယော
၈။ နိသယ ပစ္စယော
မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက်
မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ..
...
ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို
ဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက်
မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ..
...
ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို
ဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Wednesday, 6 March 2013
Monday, 4 March 2013
ရ။ အညမညပစ္စယော
ရ။ အညမညပစ္စယော
၇။ အညမညပစ္စယော။
•••••••••••••••••••
အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။
သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့ . .
သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Sunday, 3 March 2013
၆။ သဟဇာတ ပစ္စယော
၆။ သဟဇာတပစ္စယော။
••••••••••••••••••••
တစ်ပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ဆီမီးသည် ညှိထွန်းသည်နှင့်တစ်ပြိုင်နက် အလင်းရောင်နှင့် အတူတကွ
ဖြစ်ပေါ်စေသကဲ့သို့ . .
...
• ခံစားမှု ဝေဒနာ ဖြစ်သည်နှင့်တစ်ပြိုင်နက်
• မှတ်သားမှု သညာ၊
• ပြုပြခြင်းသင်္ခါရ၊
• အသိရှိမှု ဝိညာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။

Friday, 1 March 2013
၅။ သမနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၅။ သမနန္တရပစ္စယော။
•••••••••••••••••••
ကောင်းစွာ(အခြားမဲ့) တစ်ဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍
ကျေးဇူးပြုတတ်သောတရား။
စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တစ်ဆက်တည်း အကြားမရှိ ကောင်းစွာ မင်း(ဘုရင်)
... ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ . .
မြင်စိတ် သိစိတ် ကောင်းလျှင် ကောင်းသည်ဟုဝန်ခံခြင်း၊
မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည်
စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်း
ဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။

Thursday, 28 February 2013
၎။ အနန္တရ ပစ္စယော
၎။ အနန္တရ ပစ္စယော
၎။ အနန္တရပစ္စယော။
•••••••••••••••••
အခြားမဲ့ တစ်ဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ . .
... ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တစ်ဆက်တည်းဖြစ်ခြင်း၊
နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေ ပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကို
ဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
•••••••••••••••••
အခြားမဲ့ တစ်ဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ . .
... ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တစ်ဆက်တည်းဖြစ်ခြင်း၊
နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေ ပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကို
ဟောတော်မူသည်။
( ဒေါက်တာအရှင်ကောဝိဒစာရ )
Photo Credit to
၃။ အဓိပတိယော
၃။ အဓိပတိပစ္စယော
၃။ အဓိပတိပစ္စယော။
•••••••••••••••••••
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင် ဇွဲ၊လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ . .
... • အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဒာဓိပတိ၊
• အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊
• လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော
စိတ္တာဓိပတိ၊
• အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိ ဟူသော အဓိပတိ တရားများသည် ..
အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။

Wednesday, 27 February 2013
၂။ အာရမ္မဏပစ္စ္စယော
၂။ အာရမ္မဏပစ္စ္စယော
၂။ အာရမ္မဏပစ္စယော။
••••••••••••••••••••
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူ ပေးသကဲ့သို့ . .
• အဆင်း (ရူပါရုံ)၊
• အသံ (သဒ္ဓါရုံ)၊
• အနံ့ (ဂန္ဓာရုံ)၊
• အရသာ (ရသာရုံ)၊
• အတွေ့အထိ (ဖောဋ္ဌဗ္ဗာရုံ)၊
• စိတ်ခံစားမှု (ဓမ္မာရုံ) ဟူသော အာရုံခြောက်ပါးတို့သည် ..
ကုသိုလ်, အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

Subscribe to:
Posts (Atom)