မင်္ဂလာပါ

မင်္ဂလာပါ

Thursday, 7 March 2013

၈။ နိသယ ပစ္စယော

၈။ နိသယ ပစ္စယော
 
မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက်
မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ..
...
ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို
ဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )


Photo Credit to
 

Wednesday, 6 March 2013

ကမ္ဘာ့အချမ်းသာဆုံးလူ


             ငြိမ်းချမ်းစွာ ၊ တည်ငြိမ်စွာ ၊ ရင့်ကျက်စွာ နေနိုင်အောင်ကြိုးစားပြီးနေပါ့မယ်ဘုရား။

Monday, 4 March 2013

ရ။ အညမညပစ္စယော

 
ရ။ အညမညပစ္စယော
 

၇။ အညမညပစ္စယော။
•••••••••••••••••••
အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။

သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့ . .
သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )
 

Photo Credit to

Sunday, 3 March 2013

၆။ သဟဇာတ ပစ္စယော

 

၆။ သဟဇာတပစ္စယော။
••••••••••••••••••••
တစ်ပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ဆီမီးသည် ညှိထွန်းသည်နှင့်တစ်ပြိုင်နက် အလင်းရောင်နှင့် အတူတကွ
ဖြစ်ပေါ်စေသကဲ့သို့ . .
...
• ခံစားမှု ဝေဒနာ ဖြစ်သည်နှင့်တစ်ပြိုင်နက်
• မှတ်သားမှု သညာ၊
• ပြုပြခြင်းသင်္ခါရ၊
• အသိရှိမှု ဝိညာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )
 
Photo Credit to

Friday, 1 March 2013

၅။ သမနန္တရပစ္စယော

၅။ သမနန္တရပစ္စယော
 
 
၅။ သမနန္တရပစ္စယော။
•••••••••••••••••••
ကောင်းစွာ(အခြားမဲ့) တစ်ဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍
ကျေးဇူးပြုတတ်သောတရား။

စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တစ်ဆက်တည်း အကြားမရှိ ကောင်းစွာ မင်း(ဘုရင်)
... ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ . .
မြင်စိတ် သိစိတ် ကောင်းလျှင် ကောင်းသည်ဟုဝန်ခံခြင်း၊
မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည်
စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်း
ဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )

 

Photo Credit to

Thursday, 28 February 2013

၎။ အနန္တရ ပစ္စယော

၎။ အနန္တရ ပစ္စယော
 

၎။ အနန္တရပစ္စယော။
•••••••••••••••••
အခြားမဲ့ တစ်ဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ . .

... ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တစ်ဆက်တည်းဖြစ်ခြင်း၊
နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေ ပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကို
ဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )
 
 
Photo Credit to


၃။ အဓိပတိယော

၃။ အဓိပတိပ္စယော

 


၃။ အဓိပတိပစ္စယော။
•••••••••••••••••••
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင် ဇွဲ၊လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ . .

... • အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဒာဓိပတိ၊

• အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊

• လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော
စိတ္တာဓိပတိ၊

• အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိ ဟူသော အဓိပတိ တရားများသည် ..

အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )
 


Photo Credit to