မင်္ဂလာပါ
မင်္ဂလာပါ
Sunday, 19 August 2012
ခင်ပွန်းကြီးဆယ်ပါး
ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း။
(၁) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော သဗ္ဗေညုတ ဥာဏ်ရှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးများ
(၂) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ကြီးများ
(၃) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးများ
(၄) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးများ
(၅) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော မိခင်(တစ်သံသရာလုံးမှာ တော်စပ်ခဲ့တဲ့ မိခင်များ)
(၆) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော ဖခင်(တစ်သံသရာလုံးမှာ တော်စပ်ခဲ့တဲ့ ဖခင်များ)
(ရ) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော လိမ္မာစေရန် အကျိုးအကြောင်းပြ ပြောဆိုဆုံးမခဲ့ကြသော ဆရာသမားများ
(၈) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကို ဖြည့်ကျင့် ဆည်းပူးလျက်ရှိကြကုန်သောလူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် အရိယာသူတော်ကောင်းများ
(၉) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော သစ္စာလေးပါးတရားတို့ကို ဟောပြောပြသ ဆိုဆုံးမတော်မူကြသော ဆရာသမားများ နှင့်
(၁၀) ဂုဏ်ကျေးဇူး အထူး ကြီးမားကြီးကြကုန်သော ထမင်းတစ်လုတ်၊ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသောကျေးဇူးရှင်များ ဖြစ်ကြပါတယ်။
ခင်ပွန်းကြီးဆယ်ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ်ဆယ်ပါးကတော့.....
(၁)ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများ ဖြစ်ခြင်း
(၂)ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
(၃)လက် ခြေ ပြတ်ခြင်း၊ ကိုယ် အင်္ဂါ ပျက်စီးခြင်း
(၄)ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
(၅)ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ် ဖြစ်ခြင်း
(၆)မင်းပြစ် မင်းဒဏ်ခံရခြင်း
(ရ)မတရားသဖြင့် စွပ်စွဲခံရခြင်း
(ဂ)ဆွေမျိုးကောင်း၊မိတ်ဆွေကောင်း မရရှိခြင်း
(၉)စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း နှင့်
(၁၀)နေရာ တိုက် အိမ် မီးလောင် ပျက်စီးခြင်း
ပစ္စုပ္ပန်ဘ၀တွင် ထိုဒဏ်ဆယ်ပါး သင့်မည့်အပြင် သေလွန်သောအခါတွင်လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
ခင်ပွန်းကြီးဆယ်ပါးပူဇော်ခြင်းအကျိုး များကတော့
(၁)အစားအစာ မရှားပါးခြင်း
(၂)ရောက်ရာအရပ်တွင် လေးစားပူဇော်ခံရခြင်း
(၃)ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
(၄)လူချစ်လူခင်ပေါများခြင်း
(၅)ပရိတ်သတ်အလယ်တွင် တင့်တယ်စွာ နေနိုင်ခြင်း
(၆)ကောင်းသတင်းဂုဏ် ကျော်စောခြင်း
(ရ)အခြွေအရံ များခြင်း
(၈)စီးပွားဥစ္စာ ဖွံ့ဖြိုး တိုးတက်ခြင်း
(၉)ဘေးဒုက္ခ ကြုံသော် အကူအညီရရှိခြင်း
(၁၀)သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း တို့ ဖြစ်ပါတယ်။
မှတ်ချက် ။ မ၀ိုင်းချစ် ရဲ့  Facebook မှာတင်ထားတာလေးကို ပြန်လည်ကူးယူပြီး တရားမှတ်စု ခေါင်းစင်အောက်မှာပြန်လည်မျှဝေပါတယ်။

Friday, 17 August 2012
ရေသန့် ရေအေးစက် (မစိုးရိမ်တိုက်ဟောင်းစာသင်တိုက်)
ရေသန့် ရေအေးစက်
မနလေး (မစိုးရိမ်တိုက်ဟောင်းစာသင်တိုက်)မှာစစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှ စုပေါင်း လူဒါန်း ကြတဲ့ ရေသန့် ရေအေးစက်အလူ ပွဲမှာ
20$ ကိုပါဝင်လူဒါန်း ဖြစ်ခဲ့ တဲ့မှတ်တမ်းလေးပါ။
မွေးနေ့ အလူ (၂၄.၀၄.၂၀၀၉)မြင်သာမြို့ ဦး လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ
မြင်သာမြို့ ဦး လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ
(၂၄.၀၄.၂၀၀၉)က မြင်သာမြို့ ဦး လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ မှာ လူခဲ့တဲ့မှတ်တမ်းလေးပါ။
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ (၁၇.၀၄.၂၀၁၂)
နှင်းဆီကုန်း ဘိုးဘွားရိပ်သာဆေးရုံအဆောင်
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ (၁၇.၀၄.၂၀၁၂) မှာလူ ဒါန်းဖြစ်ခဲ့
တာလေးတွေ အမှတ်တရ ပါ။
မွေးနေ့ အလူ ( ၂၄.၀၄.၂၀၁၂)စစ်ကိုင်းတောင်ရိုး
သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ ခု ကဆုန်လဆန်း(4)ရက် အင်္ဂါနေ့ ၂၄.၄.၂၀၁၂
ကိုအောင်သက်လင်း+မယဉ်ယဉ်နု (စင်္ကာပူ)တို့မှ
ကိုအောင်သက်လင်း မွေးနေ့အလှူ
ကိုအောင်သက်လင်း မွေးနေ့အလှူ
ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်းနှင့်
နေ့ဆွမ်းလောင်းလှူခြင်းအတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုတ်
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့် ချက်ပြုတ်လှူဒါန်းကုသိုလ်ယူခဲ့ပါသည်။
ယနေ့အလှူရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်လိုရာဆန္ဒပြည့်ဝကြပါစေလို့ဆွမ်းလောင်းအသင်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
Subscribe to:
Posts (Atom)